Skip to main content

Posts

အချစ်ဆိုသည်မှာ

ဟောဒီ ကမ္ဘာလောကကြီးမှာ လူတိုင်း ပတ်သတ်ဘူးတဲ့ ကိစ္စလေးတစ်ခုရှိသတဲ့။
ထိုအရာကို အချစ်ဟုခေါ်လေသတဲ့။
အိုး အသင်စာရှူသူ သင်ရော ချစ်ဘူးပါသလား။
မောင်ချစ် နှမ ချစ်မဟုတ်ပဲ ၁၅၀၀ ဆိုသော မေတ္တာဖြစ်ချစ်ဖူးပါသလား။
ချစ်ဖူးသည်ဟုဆိုငြားအံ

အချစ်ဆိုသည်မှာ............ ရယူခြင်းဖြစ်သည်
                         ............ ပိုင်ဆိုင်ခြင်းဖြစ်သည်
                         ............ပေးဆပ်ခြင်းဖြစ်သည်
                         .............စွန့် လွတ်ခြင်းဖြစ်သည်
                         ............. အတ္တဖြစ်သည်
                         .............ဘာဖြစ်သည်
                         .............ညာဖြစ်သည် ဟု သင် ကြားဖူးပါလိမ့်မည်

သင့်၏ ထင်မြင်ယူဆချက်မပါဝင်ပါက အောက်တွင် ကော့မန့် တို့ ခဲ့ နိုင်ပါသည်။
မနေ့ က အထိ အချစ်ဆိုသည်မှာ အတ္တဟု ကျွန်ုပ် ယုံကြည်ခဲ့၏။
အဘယ်ကြောင့်နည်း။
အတ္တဟူသည် ကောင်းစေချင်သော သဘောဟု ဖတ်ရဖူးပါ၏။
ထို ကြောင့် အကြင်သူသည် အခြားတစ်ပါးသော သူကို ချစ်ခင်မိငြားအံ ။
ထိုသူသည် ပိုင်ဆိုင်ချင်လာ၏(မိမိလက်တွင်ရှိပါက ကောင်းမည်ထင်၍)
ရယူခြင်လာ၏။

ပေးဆပ်သူ၏ အမြင်တွင်လည်း အကြောင်းမဲ့ ပေးဆပ်ခြင်းမဟုတ်
Recent posts

အလွမ်း ဆိုနာတာ

ပြောစရာ အကြောင်းများရှိသော်လည်း စက္ကူပေါ် တွင် မှင်ဖြင့်ရေးခြင်းကို ငါ အလိုမရှိ.....................                                     (သမ္မာကျမ်းစာ) ၁) အဲ့ဒီနေ့ က
မြူတွေဝေတယ် မိသံစဉ်
ငါတို့  အတူရှိစဉ်က လိုပေါ့..................... ၂) ကြားနိုင်မယ်ထင်လို့ 
ဝေဒနာကို သီချင်းလုပ် ဆိုပြခဲ့ မိတာပါ
ဒါပေမယ့်
နတ်ဆိုးတစ်ကောင်ရဲ့ ဂီတသံဟာ
ခင်ဗျားအတွက်တော့
တစ္ဆေခြောက်သံ ဆန်နေမယ်ဆိုတာ
ကျွန်တော် သတိမထားခဲ့ မိဘူး မိသံစဉ်....... မှော်ဆရာတစ်ယောက် သူရဲ့ ကြိမ်လုံးလေးကို မြတ်နိုးသလို
ကမ္ဘာဦးလူတွေ မီးကို ကိုးကွယ်သလို
(ကျွန်တော်) ခင်ဗျားအပေါ်
ရူးသွပ်မိုက်မဲ ခဲ့ပါတယ် မိသံစဉ်ရယ်............ ၃) ကျွန်တော် သူရဲကောင်းလည်း မဖြစ်ချင်ဘူး မိသံစဉ်
(တရုတ်ကားတွေထဲ က လို)
တစ်ထည်တည်းသော အင်္ကျီ ကို ၀တ်
ဒါး အလေးကြီး လွယ်ပြီး
လျှောက်မသွားချင်ဘူး
နောက်ပြီး ..................
လက်နက်ပုန်းတွေနဲ့  ပစ်မှာကိုလည်း
(ကျွန်တော်) ကြောက်တယ် မိသံစဉ်ရယ် ၄) ဘယ်သူမှ စစ်တလင်းထဲ ခုန်မဆင်းချင်ဘူးတဲ့ 
အဲ့ဒီစကားကို ရွတ်ရင်း
ခင်ဗျားဘေးက ရာမနေရာမှာ နောက်ထပ် ရာမတစ်ကောင်ဖြစ်လာတယ်
ကျွန်တော့်အတွက်တော့ ဘီလူး ဆိုင်းတီးမြဲ ၅) သတိရရင် သတိရတယ်လို့ ပြောခွင့်ရှိချင်တယ်
လ…

ကျွန်တော်သည် ကျွန်တော်ဖြစ်ကြောင်း ကျွန်တော့် သက်သေများနှင့်တကွ

မျက်မှန်တစ်လက်ရှိတယ် ပါဝါ အနုတ် ၂၅၀ မီးကျိုးမောင်းပျက် ဂစ်တာ တစ်လက်ရှိတယ် ဘော့ရှိတယ် ဘုရင်မ ဆေးလေးလေး ရှိတယ် မလျှော် ရသေးတဲ့  အ၀တ်တွေ ရှိတယ် မလျှော်ဖြစ်ခဲ့ တဲ့ စောင် တွေရှိတယ် ထောင်မအိပ်ဖြစ်တော့ တဲ့ ခြင်ထောင်တစ်လုံးရှိတယ် မှင်နီတွေ ပွထနေတဲ့  ရီပို့ ကတ်ရှိတယ် 1 F သတ်မှတ်ကြောင်း အကြောင်းကြားစာရှိတယ် မှိုတက်နေတဲ့  ဦးနှောက်တစ်ခု ရှိတယ် ဘယ်သူမှ မသုံးချင်တဲ့  နှလုံးသားတစ်ခုရှိတယ် ပုလင်း အပြည့်  အိပ်မက်တွေ ရှိတယ် စိတ်ကိုပြောင်းလဲ စေတဲ့  အနီရောင် အရည်တွေ ရှိတယ် ဆက်မရေးဖြစ်တဲ့  ဒိုင်ယာရီ စာအုပ်ရှိတယ်
အဖြူလိုလိုဘာလိုလို ခပ်ညစ်ညစ် အင်္ကျီ တစ်ထည် ရှိတယ်
ခရိုင်နဲ့  နေတဲ့ ထီးတစ်ချောင်းရှိတယ်
ခလုပ်ဖွင့်ရင် တရှဲရှဲ အော်တဲ့ ရေဒီယိုရှိတယ် သံသေတ္တာအပြည့် စာအုပ်တွေရှိတယ်
မင်းလူရှိတယ် ရွှေဥဒေါင်းရှိတယ်
မောင်ဝဏ္ဏရှိတယ် ပါရဂူရှိတယ်
ရတနာဝင်းထိန်ရှိတယ်
အင်ဂျလီနာဂျိုလီရဲ့  မလုံ့ တစ်လုံ့  ပိုစတာရှိတယ်
အာလူးစားသူများရှိတယ် ဆိုးဝါးစွာ ထိခိုက်စေနိုင်သူတွေရှိတယ်
ကယ်တင်သူရှိတယ်
နတ်ဘုရားရှိတယ်
စာလုံးပေါင်း အဘိဓာန်ရှိတယ်
သမ္မာကျမ်းစာရှိတယ်
မြန်မာ မင်းသမီးတွေရဲ့  ဟိုဟိုဒီဒီတွေရှိတယ် ဗိုလ်ချုပ်အောင်ဆန်း မိန့် ခွန်း အတို အစတွေရှိတယ်
၈၈ ခုနှ…

အိမ်မက်ဖောင်းပွမှု၊ မြှားကုန်မှု နှင့် ကျွန်တော်

ကျွန်တော်သည် ဂျော့ဘုရှ် မဟုတ်ပါ။  ထို့ ကြောင့် အိပ် ရေးဝပါသည်။  အိပ်မက်များစွာ လည်းမက်ပါသည်။ တစ်ခါ တစ်ခါ စိတ်ကူးယဉ် တတ်ပါသည်။ထို့ ကြောင့်  စိတ်ကူးများလည်ရိုင်းခဲ့ ဖူးပါသည်။ ရိုင်းခဲ့ ဖူးသော စိတ် ကူးများနှင့်  မက်ခဲ့ ဖူးသော အိပ်မက်များကို ကြွပ် ကြွပ်အိတ်ထဲ ထည့်ကာ လွင့်ပစ်ရန် ကြိုးစားခဲ့ ဖူး ပါ သည်။ (ကံဆိုးသည်လား ကံကောင်းသည်လား မသိပါ) အိတ်ပေါ်တွင် REUSE,REDUCE,RECYCLE ဟု ရေး ထားပါသည်။ ထိုကြောင့် ကျွန်တော် လွင့်ပစ်ရန်ကြိုးစားနေသော အရာများ ကို ရင်ဘက်ထဲ သို့ ပြန်ထိုး ထည့်  မိပါသည်။ ထိုသို့ ဖြင့် ကျွန်တော်၏ ရင်ဘတ်သည် အမှိုက်ပုံတစ်ခုလို သပ်သပ်ရပ်ရပ် ရှုပ်ပွ လာခဲ့ ပါသည်။ရွှေ ပြည်တော်လည်းမျှော်တိုင်းဝေးလာပါသည်။တစ်ခါတစ်ခါ အသက်ရှူရ ကြပ်လာသော အခါများတွင် ထိုအရာ များ ကို လွင့်ပစ်ရန် ကြိုးစားနေတတ်မိပါသည်။ တစ်ယောက်ထဲ အလုပ် ရှုပ်နေခြင်းသာဖြစ်ပါသည်။ ထို့ ကြောင့် ကျွန်တော်ကို အရူးဟု အားလုံး က ခေါ်ပါသည်။ကျွန်တော်ရူးမရူးကျွန်တော်မသိပါ။ ထိုသို့ ဖြင့် ကျွန် တော် ရူးမြဲ ရူးနေခြင်းသာဖြစ်ပါသည်။ပျက်နေလျှင်ပြင်ဟုပြောပါသည်။ပျက်နေသောနေရာများ ကို လည်းရှာ တွေ့ ပါသည်။သို့ သော်  (ဦးနှောက် ၊ ခံစားတတ်သော နှလ…

အဆုံးသတ်တိုက်ပွဲ

http://www.mediafire.com/?7904rqnc5772zux#1

ကိုငှက်ရေးပြီး ကိုမွန်းအောင် ဆိုထားတဲ့ သီချင်းလေး နားထောင်ကြည့်ပေါ့

 (အရေးကြီးပြီ ညီနောင် အပေါင်းတို့  သွေးစည်းကာ ညီစေညီကြစို့  ငါတို့ ရဲ့ သမိုင်းတစ်ခေတ်ကို ငါတို့ သွေးနဲ့ ရေးခဲ့ ပြီ သွေး သစ္စာ လည်းပြုခဲ့ ပြီ ) ၂

(နိုင်ငံတော် အတွက်ဆို အသက်ကိုလည်းဘာမထီ သေပါစေ ခွပ်ဒေါင်းသွေးဟေ့
ရဲရဲရှေ့ ကို ချီ )၂

လွတ်လပ်ခွင့် နဲ့  ငြိမ်းချမ်းရေး အတွက်ရည် အဆုံးသတ်တိုက်ပွဲ ငါ တို့ နွှဲရမည်


ဤမှန်ကန်သော သစ္စာစကားကြောင့်

မြင်လားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ဒီရင်မှာ ဒဏ်ရာတွေ စုတ်ပြတ်သက်အောင်ပြည့် နေပြီ
ဟုတ်ပြီနော်
လာပြီး မတားနဲ့ 
(မရနိုင် ဘူးလို့ ထင်တာ ကိုရခဲ့ ရင် ဘယ်လောက်ပျော် မလဲ တွေးကြည့် )
ဟုတ်တယ် ပျော် လိမ့် မယ်
(သူပဲ စုတ်ပြတ်သပ် တတ်တာလား ကျွန်တော်လည်း အသည်းနှလုံး ရှိတဲ့ လူသားပါ)
ဟိုးရှေးရှေးတုန်း ကပုံပြင်တွေ့ ကို ခဏမေ့ ထား
ကျွန်တော်တို့ ဟာ လွပ်လပ် သူတွေ ပဲ မဟုတ်လား
(နှလုံးသား ကို ဒီမိုကရေစီ ပေးလိုက်ပါ သူလုပ်ချင်တာလုပ်ပါစေ သူချစ်ချင်တာချစ်ပါစေ )
လက်ကလေး
သူ့ လက်ကလေး
ကျွန်တော့် ပခုံးပေါ်မှာ
သူ လက် ကလေး
အမြဲတမ်း အဲ့ လိုမျိုးရှိနေ ပါစေလို့  တောင်းဆိုလို့ ရ မလား
(တစ်ကယ်လို့ ကျွန်တော် တစ်ခုခုလုပ်လိုက် ရင် ကျွန်တော့် ကို စိတ် ဆိုး
မှာ လား ( ဆိုး မှာ ဆိုးမှာ ) )
လူတစ်ယောက် ကို အတ္တ မပါပဲ ချစ်ချင်တယ်
လူတစ်ယောက်ကိုလောဘ မပါပဲ ချစ်ချင်တယ်
မှားတယ် မှန်းတယ် ဆို တာ အမြင် မတူလို့ ရှိ လာတာ တဲ့ 
(ပါဝါမျက်မှန်များ သည် အမြင် အာရုံ ကို ကြည်လင်စေ၏)
(အသိအမြင်များ သည် ဆုံးဖြတ်ချက် ကို တွေဝေစေ၏)
နောက်လည်း အဲ့ လို ပုန်းနေရ မှာ လား
(စိတ်မကောင်းဘူး )
လူတွေ့  သူတွေ့  လူသူတွေ့ အတွေ့ မခံနိုင်ရလောက်အောင်ဖြ…

၁၀ ရက် ၁၀လ ၂၀၁၀

ကျွန်တော်
                                 နံနက်ခင်း ၅နာရီ ခွဲ

              ဘိုကလေးဈေးလမ်း

                                                                              ဖုန်းတကော
                                  နံနက် ၆ နာရီခွဲ

တက္ကစီ   တောင်ဘက်မုခ်   အင်္ဂါထောင့်

                            မြေနီကုန်း       ၁၇၄       လှည်းတန်း 

                                                                                 ထမင်းသုပ်နှစ်ပွဲ  ကြာဇံချက် တစ်ပွဲ

               Ko san cafe      cappuccino  တစ်ခွက်

castle အင်တာနက်ကဖီး    မပြီးခဲ့ သော ဒိုတာ တစ်ပွဲ

စိမ်းလန်းစိုပြေ     ကန်ဘောင်  အကြော်တစ်ပွဲ

                            ည  ၇ နာရီ ခွဲ   

ဘူတာရုံလမ်း           အဓိပတိ အနီ     

               ပန်းဆိုးတန်း      အိမ်မရောက် ခင် နှစ်ဘလောက် အလို 

ဒါပါပဲ    နောက် ဆုံးတော့လဲ ဒါပါပဲ

တွေ့ တွေ့ ချင်း သူပြောတဲ့  စကားတစ်ခွန်းကျန်သေးတယ်

" happybirthday' ပါတဲ့ ကွယ်

ကြုံရင်ပြောပေးပါ ကြယ်လေးရယ်

ည ည တွေ တစ်ယောက်ထဲဝမ်းနည်း/ကြေကွဲ   အိမ် ဆိုတာ ဘယ်မှာလဲ     အိမ်မက်တွေ မက်ဆဲ  ကက်ဆက် ခလုပ်ကို နှိပ်လိုက်တယ် ပုလွေ သံတွေ ထွက်လာတယ်  အိမ်ကို မပြန်ဖြစ်တာ တစ်နှစ် ပြည့် တော့ မယ်(ကြယ်တွေစုံတဲ့ ည ကိုယ့်အိမ်မက်လေးရယ်)ရထား ဥသြ သံတွေကြားတယ်   အိမ်ပြန်ချင်ပေ မဲ့ မပြန် နိုင်ခဲ့ (အဝေးအိမ်ကို လွမ်းတယ် )ဆိုစရာ သီချင်းတွေ ရှားပါးပြောစရာစကားတွေ ရှားပါးအချစ်ဆိုတာ  ငါ့ ဆီ မှာရှားပါးပြောပြီးသား စကား ကို ထပ်ထပ်ပြောမယ်အိမ်ပြန်ချင်တယ်(နေညိုညိုလမ်းလေးထက်နေ့ စဉ်စောင့်နေမယ် မျော်လင့်ခြင်းများရယ် အိမ်ပြန်ချိန်များရယ် )